TARGET MATHEMATICS · VERSION 1.4.0

Installation Guide

Chapter 1–16 ရဲ့ lessons၊ exercises နဲ့ worked solutions ပါဝင်ပါတယ်။ Chapter တိုင်းရဲ့ Worked Examples အားလုံးနဲ့ ပထမ exercise (1.1, 2.1, 3.1, …, 16.1) ကို မေးခွန်း၊ working၊ solution နဲ့ ပုံတွေ အပြည့်အစုံ အခမဲ့ စမ်းသုံးနိုင်ပါတယ်။ Past Papers နဲ့ Curve Plotter module ကို activation ရှိမှ ဖွင့်နိုင်ပါတယ်။ Full content အတွက် စက်တစ်လုံးချင်း activation လိုပြီး ရက် ၃၀ တစ်ကြိမ် အင်တာနက်ချိတ်ကာ license စစ်ရန် လိုပါတယ်။ Installer နဲ့ app ကို ဆရာပေးထားတဲ့ မူရင်း download ကနေ ရယူပါ။

Mac — PKG

macOS 13 Ventura နှင့်အထက် လိုပါတယ်။ Universal installer ဖြစ်လို့ Apple Silicon နဲ့ Intel Mac နှစ်မျိုးလုံးအတွက် သုံးနိုင်ပါတယ်။ Install လုပ်ချိန်မှာ administrator password တောင်းနိုင်ပါတယ်။

  1. Target-Mathematics-Amath-1.4.0-mac-universal.pkg ကို download လုပ်ပါ။
  2. PKG ကို double-click လုပ်ပြီး Continue → Install ကိုနှိပ်ပါ။
  3. Install ပြီးလျှင် Applications → Target Mathematics ကိုဖွင့်ပါ။
  4. Cover အောက်က Start Learning ကိုနှိပ်ပါ။ Curtain animation က ၃.၆ စက္ကန့်ခန့်ကြာပြီး lesson ကို ဖွင့်ပေးပါမယ်။

“Developer cannot be verified” လို့ ပြလျှင်

ဒီ build ရဲ့ PKG ကို Developer ID Installer နဲ့ sign မလုပ်ထားသေးသလို Apple notarization လည်း မယူထားသေးပါ။ App ကို local ad-hoc signature နဲ့ ထုပ်ပိုးထားပါတယ်။

  1. PKG သို့မဟုတ် app ကို တစ်ကြိမ်ဖွင့်ကြည့်ပါ။
  2. System Settings → Privacy & Security ကိုဝင်ပါ။
  3. Target Mathematics အတွက် ပြထားတဲ့ Open Anyway ကိုနှိပ်ပြီး အတည်ပြုပါ။

Apple ၏ Open Anyway လမ်းညွှန်

Terminal command ဖြင့် ဒီဖိုင်အတွက် ခွင့်ပြုရန်

ဆရာပေးထားတဲ့ installer ဖြစ်ကြောင်း စစ်ပြီးမှ အောက်ပါ command ကို သုံးပါ။ Command က သတ်မှတ်ထားတဲ့ Target Mathematics ဖိုင်ရဲ့ quarantine attribute ကို ဖြုတ်ပေးပါတယ်။ ကျောင်းက စီမံထားတဲ့ Mac မှာ policy နဲ့ ပိတ်ထားလျှင် IT တာဝန်ခံကို ဆက်သွယ်ပါ။

PKG ကို Downloads ထဲ သိမ်းထားပြီး ဖွင့်မရလျှင် Terminal မှာ ဒီ command ကို copy/paste လုပ်ပါ။ ပြီးရင် PKG ကို ပြန်ဖွင့်ပါ။

xattr -d com.apple.quarantine "$HOME/Downloads/Target-Mathematics-Amath-1.4.0-mac-universal.pkg"

Install ပြီးသား app ကို ဖွင့်မရလျှင် ဒီ command ကို သုံးပြီး Applications ကနေ ပြန်ဖွင့်ပါ။

xattr -dr com.apple.quarantine "/Applications/Target Mathematics.app"

Permission denied လို့ပြလျှင် administrator account နဲ့ ဒီ command ကို သုံးနိုင်ပါတယ်။ Password ရိုက်နေချိန်မှာ Terminal က စာလုံးမပြပါ။

sudo xattr -dr com.apple.quarantine "/Applications/Target Mathematics.app"

No such xattr လို့ပြလျှင် quarantine attribute မရှိတော့ပါ။ No such file လို့ပြလျှင် download filename သို့မဟုတ် app location ကို စစ်ပါ။

Windows — Setup.exe

64-bit Windows 10 သို့မဟုတ် Windows 11 အတွက်ပါ။ Installer ထဲမှာ app နဲ့ lessons ပါပြီးဖြစ်လို့ offline အသုံးပြုနိုင်ပါတယ်။ Full content အတွက် ရက် ၃၀ တစ်ကြိမ် အင်တာနက်ချိတ်ကာ license ပြန်စစ်ရန် လိုပါတယ်။

  1. Target-Mathematics-Amath-1.4.0-windows-x64-Setup.exe ကို download လုပ်ပြီး double-click ဖွင့်ပါ။
  2. Next နှိပ်ပြီး installation folder ကို ရွေးပါ။ ပြီးရင် Install ကိုနှိပ်ပါ။
  3. Install ပြီးလျှင် Desktop shortcut သို့မဟုတ် Start Menu က Target Mathematics ကိုဖွင့်ပါ။
  4. Start Learning ကိုနှိပ်ပြီး lessons ကို ဝင်ပါ။

ဒီ Windows installer ကို digital certificate နဲ့ sign မလုပ်ထားသေးပါ။ SmartScreen က “Windows protected your PC” လို့ပြပြီး မူရင်း installer ဖြစ်ကြောင်း စစ်ပြီးဖြစ်လျှင် More info → Run anyway ကို ရွေးနိုင်ပါတယ်။ ကျောင်း policy နဲ့ ပိတ်ထားလျှင် IT တာဝန်ခံကို ဆက်သွယ်ပါ။

Version အသစ်သို့ update လုပ်ရန်

လက်ရှိ app ကို ပိတ်ပြီး version အသစ်ရဲ့ installer ကို တင်ပါ။ စက်နဲ့ OS user account တူပြီး ရှိပြီးသား activation ကို ဖတ်နိုင်သရွေ့ activation code ပြန်ထည့်စရာ မလိုပါ။ ရက် ၃၀ ပြည့်နေပါက အင်တာနက်ချိတ်ပြီး Verify Online ကို နှိပ်ပါ။

Full content ကို activate လုပ်ရန်

  1. App အပေါ်က Activate App ကိုနှိပ်ပြီး Copy Request Code ကိုနှိပ်ပါ။
  2. App Activation Request မှာ အမည်၊ ဆက်သွယ်ရန်၊ Machine Request Code နဲ့ ငွေလွှဲ slip ကို ပို့ပါ။ Login မလိုပါ။
  3. ငွေလွှဲမှုစစ်ဆေးပြီး activation code သို့မဟုတ် .tmlicense ဖိုင်ကို ဆက်သွယ်ရန်လိပ်စာဆီ ပြန်ပို့ပေးပါမယ်။
  4. App ထဲမှာ code ထည့်ပြီး Activate ကိုနှိပ်ပါ။ License ဖိုင်ရလျှင် Import License File ကိုနှိပ်ပါ။
  5. သက်တမ်းမကုန်ဘဲ သုံးနိုင်ပြီး Verify Online နဲ့ ရက် ၃၀ တစ်ကြိမ် အတည်ပြုပါ။ App က သတ်မှတ်ချိန်ရောက်လျှင် အင်တာနက်ရနေချိန်မှာ ပြန်စစ်ပေးပါတယ်။

License တစ်ခုသည် စက်တစ်လုံးအတွက် ဖြစ်ပါတယ်။ OS ပြန်တင်တာ၊ user account ပြောင်းတာ သို့မဟုတ် စက်ပြောင်းတာဖြစ်လျှင် activation ပြန်တောင်းရန် လိုနိုင်ပါတယ်။ စက်ပြောင်းရန် Page သို့ ဆက်သွယ်ပါ။

App အသုံးပြုပုံ

Uninstall

Mac မှာ app ကို quit လုပ်ပြီး Applications ထဲက Target Mathematics ကို Trash ထဲရွှေ့ပါ။ Windows မှာ Settings → Apps → Installed apps → Target Mathematics → Uninstall ကို ရွေးပါ။

Installer SHA-256

Download ပြီးသားဖိုင်ကို အောက်က hash နဲ့ တိုက်စစ်နိုင်ပါတယ်။

Target-Mathematics-Amath-1.4.0-mac-universal.pkgf9b4cb0f92a0a0098decdb57125869810adcba85ab1f7914bab377caad5249f6
Target-Mathematics-Amath-1.4.0-windows-x64-Setup.exe6895f2bdb53c4a637e822a212a1c3cdc059432112d5ae896e6a5038ecf24537b

Mac Terminal မှာ

shasum -a 256 "$HOME/Downloads/Target-Mathematics-Amath-1.4.0-mac-universal.pkg"

Windows PowerShell မှာ

Get-FileHash "$HOME\Downloads\Target-Mathematics-Amath-1.4.0-windows-x64-Setup.exe" -Algorithm SHA256